(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာအကပဒေသာဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်းကောင်း၊ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လည်းကောင်း ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသီးသီး ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားရိုးရာအကပဒေသာဖျော်ဖြေပွဲ၊ တိုင်းရင်းသားရိုးရာ အစားအသောက်နှင့် ရိုးရာပစ္စည်း ဈေးရောင်းပွဲတော်အား ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ အားပေးခဲ့ကြောင်း သိရသည်။ 

Post Paragraph