အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကျင်းပ

လပွတ္တာ   မတ်  ၂၇
    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် (၃) မိုင်မြို့သစ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတွင် မတ် ၂၆ ရက် မွန်းလွဲပိုင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကျင်းပသည်။ 
    ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌အောင်စန်းချစ်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၁)တွင် ထူးချွန်ဆုရရှိသူအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းအောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ပြီး သင်တန်းသူကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။ ယင်းနောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းတစ်ပတ်စဉ်ဆောင်ရွက်ချက် များကို ရှင်းလင်း တင်ပြပြီး သင်တန်းကျောင်းမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။