နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်
နိုဝင်ဘာလ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
standard