ဘားအံမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သတင်းအမှား၊ အမှန်ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်   မတ် ၂၄
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး၊ ဥပဒေရေးရာနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများနှင့်ဥပဒေပြစ်မှုပြစ်ဒဏ်ဆိုင်ရာ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှု ဟောပြောပွဲအား  သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
    အဆိုပါ အသိပညာပေးဟောပြောပွဲ၌ သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးအား ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးအေးဆန်းမှလည်းကောင်း၊ ဥပဒေရေးရာနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အား ဥပဒေအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာထွဋ်မှလည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများနှင့် ဥပဒေပြစ်မှုပြစ်ဒဏ်ဆိုင်ရာတို့အား ဒုတိယရဲမှူး အောင်မြင့်ဝင်းမှလည်းကောင်း၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုအား ဒုတိယရဲမှူး သိန်းဇော်မြင့်မှလည်းကောင်း၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုအား ဒုတိယရဲမှူးမျိုးကျော်ညွန့်မှ လည်းကောင်း အသီးသီးဟောပြောခဲ့သည်။
    အသိပညာပေးဟောပြောပွဲသို့ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကရင်ပြည်နယ် ဦးစီးမှူးရုံး၊ လူငယ်သင်တန်းကျောင်း၊ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph