ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခြင်း

နေပြည်တော် မတ် ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဖွင့်လှစ်သော ခေတ်မီ မော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
    သင်တန်းဆင်းပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်ရုံ ပိုင်ရှင်များ၊ ဝန်ထမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း အထူးသင်တန်းအမှတ်စဉ် (၂၉) မှ သင်တန်းသား/သူ များ၊ ပစ္စည်းထိန်းသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းသူများနှင့် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၀) မှ သင်တန်းသူများ အပါအဝင် စုစုပေါင်းအင်အား (၂၈၅) ဦး တက်ရောက်ခဲ့ပါသည်။  
    ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၂၀) မှ သင်တန်းဆင်းသင်တန်းသူ (၁၄၂) ဦးအနက် Honeys Garment Industry တွင် (၆၅) ဦး၊ Su Yu Ei Garment တွင် (၁၉) ဦး၊ One of Front တွင် (၂၈) ဦး၊ ကြယ်တံခွန်အထည်ချုပ်လုပ်ငန်းတွင် (၆) ဦး၊ PPK အထည်ချုပ်လုပ်ငန်းတွင် (၅) ဦး စုစုပေါင်း (၁၂၃) ဦးတို့ကို အလုပ်တာဝန်များ ခွဲဝေပေးအပ်ခဲ့ပြီး ကျန် (၁၉) ဦးမှာ မိမိဒေသတွင် ကိုယ်ပိုင်စက်ချုပ် လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Post Paragraph