ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာ ကော်မတီတို့အကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၂၀၀၀ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ လက်မှတ်ရေးထိုးခဲ့ကြပြီး တိုင်းရင်းသား လူမျိုးစုရေးရာ ကိစ္စရပ်များတွင် အတွေ့အကြုံ ဖလှယ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချခြင်း၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သုတေသန နှင့် လေ့လာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ ကိစ္စရပ်များအား ဆောင်ရွက်ရန် အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘက်မှ (၈) ကြိမ် ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာ ကော်မတီ ဘက်မှ (၁၀) ကြိမ် အပြန်အလှန် လေ့လာရေး ခရီးစဉ်များ ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအကြား လူမျိုးစုရေးရာ ကိစ္စရပ်များတွင် အတွေ့အကြုံ ဖလှယ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချခြင်း၊ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သုတေသန နှင့် လေ့လာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးရာကိစ္စရပ်များတွင် အတွေ့အကြုံကောင်းများ ဖလှယ်နိုင်ခဲ့ပါသည်။

 

Post Paragraph