ဇွန်လ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၈၅ ဒသမ ၄၉၄ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ညောင်ခြေ ထောက် - ဥမင် - ပန်းတော - ပါသတ် - သရက်ကုန်း - ဘူးတောင်း ကျေးရွာချင်းဆက်မြေသားလမ်း ၂၈ မိုင် အနက် ၃ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဗန်းမောက်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းနှင့်အဖွဲ့ဝင်များမှ ယနေ့ ကွင်းဆင်းစစ်ဆေးခဲ့ သည်။
အဆိုပါ လမ်းပိုင်းပြီးစီးပါက ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၉ ရွာ၊ အိမ်ခြေ ၂၆၀၂ အိမ်၊ လူဦးရေ ၁၄၉၅၁ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အကျိုးပြု မည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရှိရသည်။