နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ၁၇-၆-၁၉၉၉ ရက်နေ့တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၉၉)ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ တင်ပြခဲ့ရာ ၃ဝ-၆-၁၉၉၉ ရက်နေ့၊ စာအမှတ်၂၁/၉၉ အဖရ၉၉(၇၂)ဖြင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအဖြစ်ဖွဲ့စည်းပုံခွင့်ပြု၍ ၃ဝ-၆-၁၉၉၉ ရက်နေ့တွင် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၎င်းနောက် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် နှင့်မန္တလေး)ကို ၂ဝဝဝ-၂ဝဝ၁ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)ကို ၁၅-၆-၂၀၀၀ ရက်နေ့တွင် ကမာရွတ် ဘူတာရုံလမ်း၊ လှိုင်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အမှတ်(၃၃၈၃)၊ ၆၁ ရပ်ကွက် စစ်တောင်းလမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ၅-၇-၂၀၀၅ ရက်နေ့တွင် ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။