ကျိုင်းတုံ ဒေသဖွံ့ဖြိုးရေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ကြီးကြပ်၍ ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်ကျေးရွာ အုပ်စု မိုင်းပန် (အောက်)-ပန်လုံနှင့် ပန်မတ်ကျေးရွာအုပ်စု ဒေလီ-ပါပေါ့-နားအုပ်ကျေးရွာချင်းဆက်လမ်း ၁၂/၄ မိုင်အနက် ၄ မိုင် မြေသားလမ်းဖောက်လုပ်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းပန် (အောက်)- ပန်လုံ-ဒေလီ-ပါပေါ့၊ နားအုပ် ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၇၅ ဒသမ ၈၂၈ သန်းဖြင့် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ကြီးကြပ်၍ မျိုးနန္ဒကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကျန်းမာရေး၊ ပညာရေးကိစ္စများဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့သို့ အချိန်တိုအတွင်း သွားလာဆောင်ရွက် နိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန်ပစ္စည်းများကို မြို့ပေါ်စျေးကွက်သို့ တင်ပို့ ရောင်းချခြင်းဖြင့် ကျေးရွာရှစ်ရွာ မှ ဒေသခံပြည်သူ ၁၁၂၄ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။