ခေါင်လန်ဖူး-ဆရမ်ဖာလမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆၃ သန်းဖြင့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ခေါင်လန်ဖူးမှ ဆရမ်ဖာကျေးရွာသို့ ဆက်သွယ် သည့်လမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
    အဆိုပါလမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြေလမ်း ၄ မိုင်စတင်ဖောက်လုပ်ပေးခဲ့ပြီး လမ်းဖောက်လုပ်ပြီးစီးပါက ခေါင်လန်ဖူးမြို့နှင့် ဆရမ်ဖာကျေးရွာရှိ ကျေးရွာများမှ ဒေသထွက်ကုန် များကို ပူတာအိုမြို့ပေါ်သို့ အချိန်တိုအတွင်းပို့ဆောင်နိုင်တော့မည်ဖြစ်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မှုနှင့် ကုန်စည်စီးဆင်းမှုများကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် ကချင်ပြည်နယ်အတွင်း လမ်း/တံတား လုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းဝန်ထမ်း အိမ်ရာတို့အား အကောင်အထည်ဖော် ဆောင်ရွက်‌ပေးနိုင်ကြောင်း သိရသည်။
 

Post Paragraph