
ရန်ကုန် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦးသည် (၁၇-၆-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်သော ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြများ၊ ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားခြင်း၊ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၂) သင်တန်းသူများ၏ ချုပ်လုပ်လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ သင်တန်းသူများအား အားပေးဆုံးမစကား မြွက်ကြားခြင်းနှင့် ဂါလံ (၁၂ဝဝဝ) ဆံ့ အမြင့်တင်ရေစင်အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါ အခမ်းအနားသို့ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၂) သင်တန်းသူ (၉၉) ဦး၊ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၆၄)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ် (၂၉)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၉၄) တို့မှ သင်တန်းသား/သူ (၁၄ဝ) ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်း (၈၄) ဦး၊ စုစုပေါင်း (၃၂၃) ဦး တက်ရောက်ခဲ့ပါသည်။


