ထားဝယ်၊ ဒေသဖွံ့ဖြိုးရေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်-ကံပေါက်သို့ ဆက်သွယ်သည့် ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၄၃ ဒသမ ၂၂၉ သန်း ဖြင့် ဘုန်းပြည့်အောင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သော ရေဖြူမြို့နယ် ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း - ဆယ်အိမ်စုကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် ၁၅ ပေတံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါကျောက်လမ်းမှာ အိမ်ခြေ ၂၈၈ အိမ်၊ လူဦးရေ ၁၈၃၆ ဦးတို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် များစွာအကျိုးပြုသည့်လမ်းပိုင်း ဖြစ်ကြောင်း သိရသည်။