ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများလှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အဆင်‌ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါးလျက်ရှိသည်။ 
ထိုသို့ဆောင်ရွက်ရာတွင် ဘောလခဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းသိန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း၌ ဘောလခဲမြို့အဝင် မဟာကန္တရတိဏ္ဏ ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင် ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ‌ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph