လင်းခေးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကျောက်လမ်း ၂ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ပေ ၂၈၀၀၊ ကွန်ကရစ်တံတား ၃ စင်း၊ မြောင်းကူးတံတား ၂ စင်းနှင့် အုတ်ရေကန် ၁ ကန် တည်ဆောက်ခြင်း လုပ်ငန်းများကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၅၇၇ ဒသမ ၂၀၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်‌‌ပေးခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

Post Paragraph