စက်တင်ဘာလ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၄ ဒဿမ ၅၅ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အတွင်းရှိ ဗန်းမောက် - ပန်းတော - မံထုံလမ်း ပေါ်ရှိ မဲဇာချောင်းကူး ၁၅၀ ပေ သံကူကွန်ကရစ်တံတားအား တည်ဆောက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
အဆိုပါ မဲဇာချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုကြောင့် ဗန်းမောက်မြို့နယ် အတွင်းရှိ ကျေးရွာ ၂၉ ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ် ရေးနှင့် လူမှုစီးပွားဘဝများအတွက် များစွာ အကျိုးပြုလျက်ရှိကြောင်း သိရှိရသည်။