မြေသားလမ်း ရေထုတ်ပြွန်တံတားနှင့် ပိုက်ပြွန်တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

      ကျောက်ဖြူမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြေသားလမ်း၊ ရေထုတ်ပြွန်တံတားနှင့် ပိုက်ပြွန်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျောက်ဖြူခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။ 
    ကျောက်ဖြူမြို့နယ် မင်းချောင်းကျေးရွာအုပ်စု မြို့ချောင်းရွာမှ ဂြင်ကြီးကျေးရွာအုပ်စု ကျောက်ခမောက်ကျေးရွာချင်းဆက်လမ်း ၄ မိုင် ၆ ဖာလုံတွင် ၂ မိုင် ၆ ဖာလုံအား မြေသားလမ်း ဖောက်လုပ်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး ၎င်းလမ်းပေါ်ရှိ ရေထုတ်ပြွန် တံတား ၅ စင်း၊ ပိုက်ပြွန် တံတား ၈စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကျောက်ဖြူခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွန်းထွန်းလှိုင်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများမှာ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
   ကျေးရွာချင်းဆက်လမ်းနှင့် ရေထုတ်ပြွန်တံတားများ တည်ဆောက်ပေးခြင်းဖြင့် အဆိုပါ မြို့ချောင်းကျွန်းပေါ်တွင်ရှိသည့် ကျေးရွာပေါင်း ၁၁ ရွာရှိ ဒေသခံပြည်သူများမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။      

Post Paragraph