မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မိုင်းဆတ်   မတ်  ၂၇
    ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် တန်း ကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
    အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများ က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း(မိုင်းဆတ်) ကျောင်းအုပ် ဒေါ်ခိုင်ခိုင်ထွေးက သင်တန်းဆိုင်ရာအချက်အလက် များကို ရှင်းလင်း တင်ပြပြီး သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
    ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်းကျင်း ပြသထားသည့် သင်တန်းသူများ၏ လက်ရာပစ္စည်းများကို ကြည့်ရှုအားပေးသည်။ 
    အဆိုပါ သင်တန်းသို့ မိုင်းဆတ်ခရိုင်အတွင်းမှ သင်တန်းသူ ၃၀ တက်ရောက်ပြီး သင်တန်း တွင် လက်မနှင့် စင်တီမီတာချုပ်နည်း ၂၁ မျိုး၊ လက်မှုပညာရပ် ၆ မျိုး၊ မုန့်လုပ်နည်းနှင့်ဟင်းလျာ ချက်ပြုတ်နည်း ၆ မျိုးတို့ကို ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph