မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စုအတွင်း ကျောက်လမ်း ပြင်ထိန်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၈၂.၇၉၈ သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာ အုပ်စု၊ လွယ်ပါရင်(၂)-မယ်ကြုတ်ကျောက်လမ်း ပျက်စီးမှုများပြားသော ၁/၄ မိုင် အနက် ၁/၀ မိုင်ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါသည်။
    အဆိုပါလုပ်ငန်း ဆောင်ရွက်ပေးနိုင်မှုကြောင့် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု အတွင်း ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၁၄၅ အိမ်၊ လူဦးရေ ၇၅၅၀ ဦး တို့အတွက် များစွာ အကျိုးပြုသည့် လမ်းဖြစ်ပြီး ဒေသတွင်းရှိ ထွက်ကုန်များအား မိုင်းဆတ်၊ တာချီလိတ်မြို့များသို့ လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph