ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားပြည်သူများ လမ်းပန်းဆက်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၁၅၀.၉၆၃)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နမ့်လန်း - ဟိုတိ - မန်ကျောင်း - ပန်ရှင် ဖောက်လုပ်ပြီးမြေလမ်း ၆/၀ မိုင်ပေါ်တွင် ၁/၀မိုင် ကျောက်ချောလမ်းခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် ၅'x၅'x၂၆' Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။
အဆိုပါ ကျောက်ချောလမ်း ပြီးစီးသွားသဖြင့် ဒေသခံတိုင်းရင်းသားများမှာ အဆိုပါလမ်းမှ တစ်ဆင့် လားရှိုး - သီပေါ - နောင်ချိုမြို့များသို့ ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။