မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားပွဲနှင့် စတုဒိသာကျွေးပွဲ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပ

    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ကျောင်းခန်းမ၌ ဧပြီ ၁၃ရက်နေ့မှ စတင်၍ ကျင်းပဖွင့်လှစ်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးတို့ တက်ရောက်ပြီး ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (သူနာပြုအလုပ်သင်) သင်တန်းအမှတ်စဉ် (၁) သင်တန်းသူများမှ သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြင့်ခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်းနှင့် ကျောင်းအတွင်းရှိ ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ ကျင်းပ ဆောင်ရွက်ခဲ့သည်။ 
    အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ၁၃-၄-၂၀၂၂ ရက်နေ့မှ ၁၆-၄-၂၀၂၂ ရက်နေ့ထိ ဝန်ထမ်းများ၊ သင်တန်းသူများ၊ လာရောက်ကြည့်ရှုသော မိသားစုဝင်များ စုစုပေါင်း ၁၅၇ဦးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph