မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

မော်လမြိုင် စက်တင်ဘာ ၁၆
      နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ  ဝါတွင်း ကာလ ဆွမ်းကွမ်း အဆင်ပြေစေရေးအတွက်   ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊  ပဲ  အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ    ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊   ဝဲပျံစာသင်တိုက် ဆရာတော်ကြီးထံသို့  ဆွမ်းဆန်တော်၊ ဆီ ၊ ဆား နှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Post Paragraph