နေပြည်တော်ရှိဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်း

နေပြည်တော် မတ်လ ၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဘုန်းတော်ကြီး‌ကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများ အား ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့ဆက်ကပ်လှူဒါန်းလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ်၊ ရွှေဝါမြိုင် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph