ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pitchayaphant Chamghumidol လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန် ၂၂
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pitchayaphant Chamghumidolအား  ယနေ့နံနက် ၉နာရီတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လည် ဝင်ရောက်လာသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံ့မှု အခြေအနေများ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ ကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရှိရသည်။