ဧပြီလ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နယ်စပ်ဒေသ ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နယ်စပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မိကသစ်- မိနွတ်လမ်း ၃ မိုင်အနက် ကျောက်လမ်း ၂ မိုင် ခင်းခြင်း၊ မိကသစ်-လေးအိမ်စုလမ်းပေါ် တွင် တံတားမြေထိန်းနံရံ တည်ဆောက်ခြင်း၊ ဆင်လဲတောင်- တခလာ - ကျောက်ဘီလူး - မိခွမ်း-ကျောက်အင်းလမ်း ၁ မိုင် ၃ ဖာလုံ ကျောက်လမ်း ခင်းခြင်း၊ ရှေးဟောင်းသမိုင်းဝင် မဟာဖားဘောင် လှိုင်ဂူတော် အဝင်လမ်း ၁ မိုင် ၂ ဖာလုံ ကွန်ကရစ် ခင်းခြင်း၊ အံကစင်(မွန်စု)- လွှစင်ကုန်း-ကော့ခလိန်လမ်း ၄ မိုင် ၇ ဖာလုံအနက် ကတ္တရာလမ်း ၁ မိုင် ခင်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၈၀၂ ဒသမ ၅၅၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မိုးမကျမီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။