ကော့သောင်းမြို့နယ်အတွင်း လမ်း/တံတားလုပ်ငန်းများဆောင်ရွက်လျက်ရှိ

မတ်လ ၂၅  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသကဲ့သို့ ဝေးလံ ခေါင်ဖျား နယ်စပ်ဒေသများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ကျေးရွာချင်း ဆက်လမ်းများ၊ နယ်စပ်ပတ်လမ်းများ၊ ကျွန်းပတ် လမ်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်း ခရိုင်အတွင်းရှိ ဇာဒက်ကြီး ကျွမ်းပတ်လမ်း မြေသားလမ်း ၁၄ မိုင် လမ်းပိုင်းပေါ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆၅ ဒသမ ၂၈၃ သန်းဖြင့် ကျောက်လမ်း ၂ မိုင်ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၆၈ ဒသမ ၀၄ သန်းဖြင့် ၁ မိုင် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၃၇ ဒသမ ၄၂၉ သန်းဖြင့် ၁၀၀ ပေ သံကူကွန်ကရစ် တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကော့သောင်းခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် အဖွဲ့ဝင်များ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။