ဧပြီလ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ လျာထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် အတွင်း ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် နယ်စပ်ဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေကျပ် ၉၈၃.၃၆၀ သန်း ဖြင့် ကျိုင်းတုံမြို့နယ်မှ မိုင်းပန်လယ်အုပ်စု၊ မိုင်းပန်လယ်(အောက်) ရွာသွားလမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း၊ ပန်မတ်အုပ်စု ၊ပန်မတ်ရွာသွားလမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း၊ ကတ်ထိုက်-လွယ်ပန်တောင်း-အင်ဂိုလုံ လမ်းကြောင်းပေါ်တွင် ၁ မိုင် ၄ ဖာလုံ မိုင် ကျောက်ခင်းခြင်း၊ ယမ်းကြိမ်အုပ်စု၊ တာခွယ်-ကတ်တောင်လမ်းပေါ်ရှိ ၂၀ပေ ကွန်ကရစ် တံတားအနီး အလျား၂၀ ပေ၊ အမြင့် ၁၂ ပေ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် မိုင်းခတ်မြို့နယ်၊ မိုင်း ခတ်-မိုင်းညှင်းသွားလမ်းပေါ်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းတို့အား နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်နှင့် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြား ရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများ ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည် အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၄၅ ရွာ၊ အိမ်ထောင်စု ၃၉၆၈ မှ ဒေသခံ ပြည်သူများ ကျိုင်းတုံ/မိုင်းခတ်မြို့များသို့ အချိန်တိုအတွင်း ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွား ဘဝများဖွံ့ဖြိုး တိုးတက်လာ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။