ဧပြီလ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တောင်ကလေး-ဘုရားသုံး ဆူ ၅၃ မိုင် လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ပြီး မြေလမ်း ၂၂ မိုင်အနက် ၁၀ မိုင် ၂ ဖာလုံ ကျောက်ခင်းပြီး ကျန်မြေလမ်း ၁၁ မိုင် ၆ ဖာလုံ အနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း လုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၈ ဒသမ ၀၆၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြာအင်းဆိပ်ကြီးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မြို့နယ် တာဝန်ခံ လက်ထောက်ညွှန်ကြား ရေးမှူး ဦးထွန်းလင်းဇော်နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အဆိုပါလမ်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှ တောင်ကလေးသို့ လည်း ကောင်း၊ တောင်ကလေးမှ ဘုရားသုံးဆူမြို့သို့လည်းကောင်း ဆက်သွယ်ထားသော လမ်း ဖြစ်ပြီး ဆောင်ရွက်ပြီးစီး သွားပါက လမ်းကြောင်းပေါ်ရှိ ကျေးရွာအုပ်စု ၇ စုမှ ဒေသခံပြည်သူ ၂၀၉၇၆ ဦးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ များစွာ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း သိရှိရပါသည်။