မေလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အကျဆုံး ဖြစ်သော လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော တုံပကာ - ဆုံဖာ - ပန်လုံလမ်း အရှည် ၉ မိုင် ကျောက်လမ်းအား ဘဏ္ဍာနှစ်အလိုက် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၀၄ ဒသမ ၇၂၀ သန်းဖြင့် ကတ္တရာထပ်ပိုးလွှာ ၂ မိုင် ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးကျော်စွာဝင်းနှင့်တာဝန်ရှိသူများမှ ယနေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီးလုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်နိုင်ရေး တို့အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ ၇၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ၊ အိမ်ထောင်စု ၁၉၃ စု၊ လူဦးရေ ၁၀၆၉ ဦး တို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။