နေပြည်တော် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာ အထည်ချုုပ်စက် သင်တန်းအမှတ်စဉ် (၁၄) ဖွင့်ပွဲအခမ်းအနားအား (၂၂-၈-၂၀၁၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပထမရက် (၁၀၀) စီမံကိန်းအား လုပ်ငန်းစဉ် (၉) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ် (၉) ရပ်မှ နဝမမြောက်လုပ်ငန်းစဉ်ဖြစ်သည့် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းများအား ဆက်လက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသအပါအဝင် ကျေးလက်နေပြည်သူများ၊ မြို့ပြနေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်များနှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်သူလူထုများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၃) ထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူ (၁၆၄၈) ဦးမှ သင်တန်းသူ (၁၆၁၄) ဦးမှာ အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်များ ရရှိနေကြပြီးဖြစ်သည်။
ယခု ဖွင့်လှစ်ပေးခဲ့သော သင်တန်းအမှတ်စဉ် (၁၄) တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း (၄၀) မှ သင်တန်းဆင်းပြီးသည့် သင်တန်းသူ (၁၀၀) ဦအား (၂၂-၈-၂၀၁၆) ရက်နေ့မှ (၉-၉-၂၀၁၆) ရက်နေ့အထိ သင်တန်းကာလ (၃) ပတ် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းဆင်းပြီးပါက အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်း၍ အလုပ်ခန့်အပ် ပေးသွားမည်ဖြစ်ပါသည်။
ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ
Post Paragraph
Paragraph Images