နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၂၅ ဒသမ ၇၈၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကြီးအုပ်-ညောင်ကုန်းလမ်း ၇ မိုင် ၄ ဖာလုံအနက် ၃ မိုင်ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ခွင့်ပြု ရန်ပုံငွေကျပ် ၂၄၈၃ ဒသမ ၂၆၄ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။