ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၊ ဆွတ်ဝိုးကျေးရွာ အုပ်စု၊ ပန်ဖိန်း-ပန်ကောက်-ရောင်ပန် ကျေးရွာချင်းဆက် ၁၂/၀ မိုင် မြေလမ်းပေါ်ရှိ ဝမ်ပုံရွာအဝင် နမ့်လချောင်းနှစ်လွှာ တစ်ထပ် ပေ ၅၀ ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား မက်မန်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ဧပြီ ၂၂ ရက် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
    ထို့အပြင် မက်မန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားလမ်း မြေလမ်းတာချဲ့ခြင်း၊ ဖြုန်းခင်းခြင်း၊ ကျောက်လမ်း၊ ကျောက်လမ်းပြင်ထိန်း၊ ကွန်ကရစ်လမ်း၊ ကွန်ကရစ်တံတား၊ ဘေလီတံတား၊ ကြိုးတံတား၊ Box Culvert များ၊ Pile Culvert များ၊ ကျောက်စီရေမြောင်း၊ မြေထိန်းနံရံလုပ်ငန်းများ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ 
 

Post Paragraph