ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများ ရာနှုန်းပြည့်ပြုပြင်ပြီးစီး၍ရုံးလုပ်ငန်းများပုံမှန်လည်ပတ်

ဖလမ်း   နိုဝင်ဘာ  ၉
တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဖလမ်းမြို့မရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အအုံများ၊  ၄ ခန်းတွဲဝန်ထမ်းအိမ်ရာနှစ်လုံး၊ ၂ ခန်းတွဲဝန်ထမ်းအိမ်ရာ နှစ်ထပ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအဆောက်အအုံ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးအဆောက်အဦများ ရာနှုန်းပြည့်ပြုပြင်ပြီးစီး၍ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နေမှုကို ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် သည် ချင်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
ဆက်လက်၍ ဖလမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် ဖလမ်းမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်မြို့ အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများမှ အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားပြီး ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များက မိတ်ဆက်အမှာစကားများ ပြောကြားသည်။
ထို့နောက်တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများကဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သတ်ပြီး လိုအပ်ချက်များအား တင်ပြရာတွင် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဘာသာရေးကျောင်းများအတွက် အလှူငွေများပေးအပ်ကာ ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများက မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အားတက်သရော ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည့်အတွက် ဝမ်းသာအားရဖြစ်မိကြောင်း၊ ဒေသတိုးတက် ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူပညာပေးစင်တာ(ဖလမ်း)တွင် ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ချင်းပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသဖြစ်သည့်အတွက် တောင်သူများအဓိကကျကြောင်း၊ စိုက်ပျိုးထားသည့် သီးနှံများနှင့် ပတ်သက်၍ နည်းပညာလိုအပ်ချက်များကို စိုက်ပျိုးရေးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားကာ ပြည်နယ်ဝန်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးတို့က အမှာစကားများ ပြောကြား၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ဒေသခံတောင်သူများအား မျိုးစေ့များပေးအပ်ကြောင်း သိရသည်။ 

Post Paragraph