နယ်စပ်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေ

သတင်း - နိုင်လင်းကြည်၊ ဓာတ်ပုံ - လှမင်းထွန်း(နယ်စပ်ရေးရာ)
နိုင်ငံတော်အစိုးရ၏ နှစ်နှစ်တာသက်တမ်းကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒ၊ ရည်မှန်း ချက်တွေချမှတ်ပြီး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်များနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အားတွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည် များကို ပြန်လည်တင်ပြလိုက်ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်
ပြည်ထောင်စုဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
မေး။ ။ နိုင်ငံတော်အစိုးရရဲ့ နှစ်နှစ်တာ ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီး ဌာနအနေနဲ့ ဘယ်လိုမူဝါဒ၊ ရည်မှန်းချက်တွေ ချမှတ်ပြီး လုပ်ငန်းတာဝန်တွေကို အကောင် အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာ သိပါ ရစေ။
ဖြေ။ ။ နယ်စပ်ရေးရာဝန်ကြီးဌာန မူဝါဒ လေးရပ်ကတော့ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ ဖြိုးတိုးတက် စေရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူမျိုးများ၏ လှူစွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက် စေရေးတို့ပဲ ဖြစ်ပါတယ်။ ဒီမူဝါဒတွေကို အကောင် အထည်ဖော်ဖို့အတွက် ရည်မှန်းချက်တာဝန်ခုနစ်ရပ် ချမှတ်ပြီးနှစ်ရှည်နှစ် ၃၀ စီမံကိန်း၊ နှစ်လတ် ငါးနှစ်စီမံကိန်းတွေကို ရေးဆွဲဆောင် ရွက်လျက်ရှိပါတယ်။
ကျွန်တော်တို့မှာ အဓိကလုပ်ငန်းတာဝန်ကြီး နှစ်ရပ်ရှိပါတယ်။ အဲဒါကတော့ နယ်စပ်ဒေသ များဖွံ့ ဖြိုးတိုး တက်ပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရေး၊ နယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားလူ ငယ်တွေရဲ့လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်လာစေ ရေးတို့ပဲ ဖြစ်ပါတယ်။
အဆိုပါ လုပ်ငန်းတာဝန်နှစ်ရပ်ကို နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ ပညာရေးနှင့်လေ့ကျင့် ရေး ဦးစီးဌာနတို့က ဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုး ရေရရှိရေးဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များထောက်ပံ့ ပေးခြင်း၊ နယ်စပ်ဒေသများ မီးလင်း ရေးအတွက် လျှပ်စစ်မီး၊ ဆိုလာမီး၊ အင်ဂျင်မီးများဖြင့် ဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဒေသ မှာရှိတဲ့ IDPs များ၊ အလင်းဝင်များနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် စားနပ်ရိက္ခာ၊ လှူအသုံးအဆောင်လိုအပ်ချက်များ အပေါ်တွင်လည်း သက်ဆိုင်ရာ တပ်မတော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့ရဲ့ ထောက်ခံ ချက်တို့ဖြင့် ထောက်ပံ့ခြင်း၊ တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ပေးခြင်းတို့ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက နယ်စပ်ဒေသရှိ လူငယ်တွေရဲ့ အလယ်တန်း၊ အထက်တန်း ပညာရေး အတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်း ကျောင်းတိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ၄၄ ကျောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရက အထက်တန်းစား ပညာရေးအဖြစ် သတ်မှတ်ထားတဲ့ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ကိုးကျောင်း၊ အမျိုးသမီးများ အတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၄ ကျောင်း ဖွင့်လှစ်ထားပါတယ်။ အဲဒီကျောင်းတွေ ဖွင့်လှစ်ပြီး နယ်စပ်ဒေသရှိ လူငယ်လူရွယ်၊ အမျိုး သမီးကလေးများကို ပြုစုပျိုးထောင် ပေးလျက်ရှိပါတယ်။
နယ်စပ်ဒေသနေ တိုင်းရင်းသားများ၏ ပညာရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များဖွံ့ ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)မှာ B.Ed ဘွဲ့ရ ဆရာ၊ ဆရာမများကို တစ်နှစ်လျှင် ဦးရေ ၃၅၀ ခန့် မွေးထုတ်ပေးပြီး နယ်စပ်ဒေသတွေမှာ ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်ပေးလျက် ရှိပါတယ်။
ထို့အတူ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန်မှာ တစ်ကျောင်းနှင့် စစ်ကိုင်းမှာ တစ်ကျောင်း ဖွင့်လှစ်ထားပြီး ဝိဇ္ဇာ၊ သိပ္ပံဘွဲ့နဲ့ အင်ဂျင်နီယာ ဒီပလိုမာ (A.G.T.I) ဘွဲ့ရ လူငယ်များ ကို တစ်နှစ် လျှင် ဦးရေ ၇၀၀ ကျော် မွေးထုတ်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှာ နိုင်ငံ့ ဝန်ထမ်းများ အဖြစ် ခန့်အပ်ကာ ၎င်းတို့ရဲ့ နယ်စပ်ဒေသတွေမှာပဲ တာဝန်ထမ်းဆောင်စေလျက်ရှိပါတယ်။
မေး။ ။ အခု ပြောပြခဲ့တဲ့ လုပ်ငန်းများကို နှစ်နှစ်တာကာလအတွင်း ဘယ်လို ဒေသတွေမှာ ဆောင်ရွက်နေပါသလဲ။ ဘယ်လောက် တိုးတက်ဖြစ်ထွန်းမှုရှိပါသလဲ သိပါရစေ။
ဖြေ။ ။ အဓိကအားဖြင့် Border Line နဲ့ ထိစပ်နေတဲ့ ပြည်နယ်ခုနစ်ခုဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တိုင်းဒေသကြီးနှစ်ခုဖြစ်တဲ့ စစ်ကိုင်း၊ တနင်္သာရီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြစ်တဲ့ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့်၊ ဝ၊ နာဂတို့ပဲ ဖြစ်ပါတယ်။
မြို့နယ်၊ ကျေးရွာအရ ပြောရမယ်ဆိုရင် လုပ်ငန်းလိုအပ်ချက်အရ ထည့်သွင်းဆောင်ရွက်ပေးရတဲ့ မြို့နယ်တွေ အပါအဝင် မြို့နယ်ပေါင်း ၁၆၇ မြို့နယ်၊ ကျေးရွာပေါင်း သုံးသောင်းကျော်၊ အဲ့ဒီဧရိယာဒေသအတွင်း နေထိုင်သူ စုစုပေါင်း လူဦးရေ ၁၉ သန်းကျော်ရှိတဲ့အတွက် နိုင်ငံ့ လူဦးရေရဲ့ ၃၇ ဒသမ ၈၇ ရာခိုင်နှုန်း လွှမ်းခြုံ ပေးနိုင်ပါတယ်။
နှစ်နှစ်တာကာလအတွင်း တိုးတက်မှုတေ တင်ပြရမယ်ဆိုရင် မြို့နယ် ၁၆၇ မြို့နယ်၊ ကျေးရွာ ပေါင်း သုံးသောင်း ကျော်မှာ မြေလမ်း ၁၁၉၁ မိုင်၊ ကျောက်လမ်း ၅၁၂ မိုင်၊ ကတ္တရာလမ်း ၁၁၇ မိုင်၊ ကွန်ကရစ်လမ်း ၃၅ မိုင်၊ တံတားကြီး ၁၂ စင်း ၊ တံတားလတ် ၆၈ စင်း၊ တံတားငယ် ၁၁၁ စင်း စုစုပေါင်း ၁၉၁ စင်း၊ Box Culvert ၂၃၄၆ စင်း၊ ရေတွင်း၊ ရေကန် ၂၄၅ ကန်၊ ဆည်ကြီးနှစ်ဆည်၊ တာတမံအလတ်စားခြောက်ခု၊ တာတမံ အငယ် စားလေးခု၊ ကျေးရွာအရောက် စိမ့်စမ်းရေသွယ် ယူခြင်း ၁၉၇ မိုင်၊ ရေအားလျှပ်စစ် လုပ်ငန်းလေးခု၊ လျှပ်စစ်မီး သွယ်တန်းခြင်း ၃၁ မိုင်၊ ဆိုလာ မီးလင်းရေး ၁၃၂ ရွာမှာ ၆၉၄၃ စုံ၊ တန်ဖိုးနည်း အိမ်ရာ ဆောက် လုပ်ရေး ၄၅၈ လုံး၊ ဘုန်းကြီး ကျောင်းများနှင့် အခြားဘာသာဝင်တွေရဲ့ ဘုရား ရှိခိုးကျောင်း တွေအတွက်လည်း တည်ဆောက် ပြုပြင်ခြင်း၊ အခြားထောက်ပံ့မှုတွေ ဆောင်ရွက် ပေးခဲ့ပါတယ်။
ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တွေမှာ ရှိတဲ့ နယ်မြေလုံခြုံရေး အခြေအနေအရ ခေတ္တ တိမ်းရှောင် မိသားစုတွေအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည် စုစုပေါင်းတန်ဖိုး ကျပ်ကျပ်သန်း ၁၂၂၉ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
လှူစွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက် ရေး အပိုင်းမှာတော့ B.Ed ပညာရေးဘွဲ့ ၆၂၃ ဦး၊ ဆရာအတတ် သင်ဒီပလိုမာ တစ်နှစ်သင်တန်း ၁၀၇ ဦး၊ မူလတန်းဆရာ အတတ်သင်သင်တန်း ဆင်း ၁၀၅ ဦး၊ ဝိဇ္ဇာနှင့် သိပ္ပံဘွဲ့ ၃၂၅ ဦး၊ B.Tech နှင့် A.G.T.I ဒီပလိုမာသင်တန်း ဦးရေ ၃၇၀ တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး သက် ဆိုင်ရာဝေးလံတဲ့ နယ်စပ်ဒေသတွေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတွေ အဖြစ် ခန့်အပ်တာ ဝန်ပေးအပ်ထားပြီး ဖြစ်ပါတယ်။
လူငယ်သင်တန်းကျောင်း ၄၄ ကျောင်းမှာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူ ၆၇၁၉ ဦးကို သင်ကြားပေးလျက်ရှိပါတယ်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၄၄ ကျောင်းမှာ သင်တန်းသူ စုစုပေါင်း ၁၄၈၀၆ ဦးကို အိမ်တွင်း မှုသက်မွေးပညာရပ်များ လေ့ကျင့်သင်ကြား၊ မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။
လူငယ်စက်မှုလက်မှု သင်တန်းကျောင်း ကိုးကျောင်းမှာ လက်ကိုင်ဖုန်းပြင်၊ အခြေခံ စက်ပြင်၊ မော်တော်ယာဉ် စက်ပြင်၊ ပန်းရန်၊ လက်သမား၊ သံချည်သံကွေး၊ လျှပ်စစ်ဂဟေ ဆက်သင်တန်းများမှ ကျွမ်းကျင်လုပ်သား စုစု ပေါင်း ၁၉၇၁ ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ရန်ကုန်မှာ ဗဟိုလေ့ကျင့်ရေးကျောင်း တစ်ကျောင်းရှိပါတယ်။ အဲဒီကျောင်းကနေ ဝန်ထမ်းတွေ စွမ်းဆောင် ရည်မြင့်မားဖို့အတွက် စီမံခန့်ခွဲရေးသင်တန်း၊ စာရေးဝန်ထမ်း သင်တန်း၊ ခေတ်မီမော်တာ အထည်ချုပ် သင်တန်း၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း၊ ဘဏ္ဍာရေး စည်းမျဉ်းသင်တန်း၊ ပစ္စည်းထိန်းသင်တန်းတွေ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးလျက်ရှိပါတယ်။ နှစ်နှစ်တာကာလအတွင်း သင်တန်းသား သင်တန်းသူ ၁၉၈၈ ဦးကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပြီးသူ ၉၀၄ ဦးအား ရန်ကုန်မြို့ရှိ အထည်စက်ရုံများနဲ့ ညှိနှိုင်းပြီး အလုပ်ခန့်အပ်နိုင်ခဲ့ပါတယ်။
မေး။ ။ နယ်စပ်ရေးရာဝန်ကြီးဌာနက အဓိက ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေ ထဲမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေရရှိရေး လုပ်ငန်းတွေပါဝင်နေကြောင်း သိရပါတယ်။ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြ ပေးစေလိုပါတယ်။
ဖြေ။ ။ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ရပေးနေတဲ့ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတွေထဲမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းတွေ ပါဝင်နေတယ်ဆိုတာ မှန်ပါတယ်။
နယ်စပ်ဒေသ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးအတွက် ရည်မှန်း ဆောင်ရွက်ပေးခြင်း ဖြစ်သလို တစ်ဖက်ကလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနနဲ့ က္ဘာ့လူသားအဖွဲ့အစည်း (Terra People Association (TPA) တို့ ပူးပေါင်းဆောင်ရွက်တဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့ရှိ ရေထွက်ကို တစ်ဖက်ပိတ် ဆည်ပြုလုပ်ပြီး ဆီဆိုင်မြို့ပေါ်ရပ်ကွက် ခြောက်ခု၊ ရွာလေးရွာကို သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
အကျိုးပြုလူဦးရေ ၁၅၇၄၅ ဦးရှိပါတယ်။ စိုက်ပျိုးမြေ ဧက ၃၉၀ အတွက်လည်း စိုက်ပျိုး ရေသွယ်ယူ ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်မှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စု၊ လွိကထိကျေးရွာအနီး ပေ ၁၀၀ အနက်ရှိ မြေအောက်ဂူ ရေထွက် ကနေ ရေစုပ်ပန့်တွေနဲ့ Ground Tank သို့ ရေစုပ်တင်ကာ တောင်အမြင့်မှာရှိတဲ့ ရေစုကန် သို့ တွန်းတင်တဲ့စနစ်နဲ့ ရေတင်ပြီး အဲဒီကမှ တစ်ဆင့် Gravity System ဖြင့် ကျေးရွာပေါင်း ခုနစ်ရွာကိုပို့ပါတယ်။
ဒုတိယအဆင့် ထပ်တွန်းစက်ရုံများနဲ့ ထပ်မံတောင်ထိပ်များသို့ ရေတင်ပြီး ကျေးရွာငါးရွာကို ထပ်မံပို့ပါတယ်။ တတိယအဆင့် ထပ်တွန်းစက်ရုံ များဖြင့် ထပ်မံတောင်ထိပ်များသို့ ရေတင်ပြီး ကျေးရွာငါးရွာကို ဆက်ဖြန့်ဝေပေး ပါတယ်။ စုစုပေါင်း ဧရိယာ စတုရန်းမိုင် ၅၀ အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၁၇ ရွာကို သန့်ရှင်းသော သောက်သုံးရေ၊ စိုက်ပျိုးရေ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ဒေသခံများအတွက် ကြီးမားသော အကျိုး ကျေးဇူးရရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ထို့အတူ ချင်းပြည်နယ်အတွင်း Rain Water Harvesting စနစ်အရ ကျေးရွာပေါင်း ၁၂ ရွာ၊ မြို့ပေါ်ရပ်ကွက် ရှစ်ခု စုစုပေါင်း အိမ်ခြေ ၁၂၅၀ အတွက် မိုးရေအသုံးချစီမံကိန်းကို အိမ်တိုင်းမှာ ရေလှောင်ကန်၊ ရေစုကန် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။
နယ်စပ်ဒေသအသီးသီးမှာ သောက်သုံးရေ နှင့် စိုက်ပျိုးရေ ရရှိရေးအတွက် ရေကန် ၁၄၂ ကန်၊ ရေစုကန် ၃၄၃ ကန်၊ ရေတွင်း ၂၉ တွင်း၊ လက်ရိုက်အဝီစိတွင်း ၃၅ တွင်း၊ စက်တူးအဝီစိ တွင်း ၅၉ တွင်း၊ မြစ်ရေတင်လုပ် ငန်းနှစ်ခု၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း ၄၁၄ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
မေး။ ။ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ တပ်မ တော်စစ်အင်ဂျင်နီယာတပ်ဖွဲ့တို့ ပူးပေါင်းပြီး မဂွေဇ-ခေါင်လန်ဖူး လမ်းကို ကြိုးပမ်း ဖောက်လုပ်နေကြောင်း သိရပါတယ်။ ဒီလမ်းအခြေ အနေနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ တပ်မတော် စစ်အင်ဂျင်နီယာတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖောက်လုပ်နေတဲ့ မဂွေဇ - ခေါင်လန် ဖူးလမ်းဟာ ခေါင်လန်ဖူးဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ အတွက် အိပ်မက်လမ်း တစ်လမ်းလို့ တင်စား ပြောရင်ရပါတယ်။
ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမ တွေဟာလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မျှော်လင့်တောင့်တ နေကြတဲ့ လမ်းလည်းဖြစ်ပါတယ်။ ယခင်က မဂွေဇမှ ခေါင်လန်ဖူးအထိ ၆၅ မိုင် ၄ ဖာလုံ ခရီးမှာ ရှန်ငေါတောင်တန်းကို ကျော်ရပြီး ခြေကျင်ခရီးပဲ သွားလာကြရပါတယ်။
ကုန်စည်တွေကိုလား၊ မြင်းတွေ အသုံးပြု ပြီး သယ်ယူတဲ့အခါမှာ ကိုးရက်မှ ၁၂ ရက်၊ ၁၃ ရက်အထိ အချိန်ကြာ မြင့်စွာသယ်ယူကြရ၊ အခက်အခဲမျိုးစုံ ကျော်လွှားသွားရတာဖြစ်လို့ သယ်ယူစရိတ်ကြီးမားပြီးကုန်ဈေးနှုန်း အဆမတန် မြင့်မားပါတယ်။
ခေါင်လန်ဖူးဒေသအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုတွေမကြာခဏ ကြုံတွေ့ရပါတယ်။ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီမှုတွေ နှစ်စဉ်ဆောင်ရွက်ပေးနေရပါတယ်။
ဒေသခံလူထုရဲ့ စားဝတ်နေရေး၊ လူမှု စီးပွားဘ၀ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ နယ်စပ်ဒေသမှာ မိမိနိုင်ငံပိုင်နယ်မြေ အချုပ်အခြာအာဏာ သက်ရောက်စေရေးအတွက လည်းကောင်း၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့၏ လမ်းညွှန်မှုနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ တပ်မတော်စစ်အင်ဂျင်နီယာ တပ်ဖွဲ့တို့ ပူးပေါင်း ပြီး မဂွေဇ-ခေါင်လန်ဖူးလမ်းကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်ကစပြီး စတင်ဖောက်လုပ်ခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အပိုင်း(၁)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အပိုင်း(၂)၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အပိုင်း (၃) ဆိုပြီး ဆောင်ရွက်လျက်ရှိပါတယ်။
စီမံကိန်းအပိုင်း (၁) အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မဂွေဇမှ ငါ့လုံဒမ်းအထိ ၂၅ မိုင် ၄ ဖာလုံကို ၃၄ ပေအကျယ် မြေသားလမ်းဖောက် လုပ်ခဲ့ပါတယ်။ Box Culvert ၇၅ ခု၊ တံတား ကြီး၊ ငယ်၊ လတ် ၁၂ စင်း၊ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကျောက်လမ်း ၇ မိုင် ၄ ဖာလုံခင်းပြီး ဖြစ်ပါတယ်။
စီမံကိန်းအပိုင်း (၂) ကတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ငါ့လုံဒမ်းမှရီဒမ်းအထိ ၁၈ မိုင် ၄ ဖာလုံကတော့ အခက်အခဲဆုံး လမ်းပိုင်းဖြစ်ပါတယ်။ ရှန်ငေါတောင်တန်းနဲ့ ပေ ၈၀၀၀ ကျော်မြင့်တဲ့ ဆန်းလုံချက် တောင်ထိပ်ကို ဖြတ်ဖောက်လုပ်ရပါတယ်။ ကျောက်တောင်များစွာကိုမိုင်းတွေ အဆင့်ဆင့်ခွဲ၊ ယန္တရားမျိုးစုံ သုံးစွဲပြီးဖောက်လုပ် ဆောင်ရွက်နေပါတယ်။
တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့က မိုင်းကျွမ်းကျင်စစ် သည်တွေ၊ စက်ယန္တရားကြီးမောင်း စစ်သည်များစွာ ပါဝင်ဆောင်ရွက်ခဲ့ရပါတယ်။
ယမ်းနဲ့ စက်သုံးဆီတွေကို ရာသီဥတု ကန့်သတ်ချက်၊ လမ်းပန်းဆက်သွယ်ရေး ကန်သတ်ချက်အရ ရဟတ်ယာဉ်၊ လေယာဉ်တွေနဲ့ ပို့ဆောင်ပေးပြီး ဆောင်ရွက်ခဲ့ရပါတယ်။ ရေစီးသန်တဲ့ မေခမြစ်ကို ဖြတ်ကူးဖို့ ရီဒမ်းမှာ မြစ်ကူး တံတားတစ်စင်း တည်ဆောက်ရန် ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး စနစ်တကျ ဆောင်ရွက် နေပါတယ်။
စီမံကိန်းအပိုင်း (၃)ကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လနဲ့ ဒုတိယ ၁၂ လ ကာလမှာ ရီဒမ်းမှ ခေါင်လန်ဖူးအထိ ၂၁ မိုင် ၄ ဖာလုံကို အမြန်ဆုံး ဆက်လက်ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ လောက်ဆိုရင် ခေါင်လန်ဖူးကို တစ်ကြောင်းထိုး ကားလမ်းပေါက်သွားမှာဖြစ်ပါတယ်။ နောင်နှစ် တွေမှာတော့ လမ်းတစ်လျှောက်လုံး အဆင့် မြှင့်တင်ခြင်းလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ဒီနှစ်နှစ်တာကာလအတွင်းမှာ အခုလို ဝေးလံခေါင်ပါးတဲ့ နယ်စပ်ဒေသ တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေး နေတဲ့ လုပ်ငန်းများနဲ့ ပတ်သက်ပြီး ရန်ပုံငွေ ရယူ သုံးစွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ကြီးကြပ်စစ်ဆေးမှုတွေကိုလည်း သိပါရစေ။
ဖြေ။ ။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့လှူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသလို နှစ်နိုင်ငံ ပူးပေါင်းထောက်ပံ့ ဆောင်ရွက်မှုမျိုး တွေ၊ WFP၊ UNHCR၊ UNDP စတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
တည်ဆောက်ရေးလုပ်ငန်းတွေကို တင်ဒါ စည်းကမ်းချက်တွေနဲ့အညီ ပွင့်လင်းမြင်သာမှု ရှိရှိ ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီများ ကိုလုပ်ငန်းအပ်နှံဆောင်ရွက်တာရှိသလို လုံခြုံရေးကန့်သတ်ချက်ရှိတဲ့ဒေသ၊ ဝေးလံ ခေါင်ပါး၊ ခက်ခဲကြမ်းတမ်းတဲ့ဒေသတွေမှာ မိမိဝန်ကြီးဌာနမှ အင်ဂျင်နီယာတွေ ဝန်ကြီးဌာနပိုင် စက်ယန္တရား တွေနဲ့ လည်း ဆောင်ရွက်လျက်ရှိပါတယ်။
သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းတေညကို သက်ဆိုင်ရာ အဆင့်ဆင့်သော တိုင်းဒေသကြီး၊ ပြည်နယ်စစ် ဆေးရေးအဖွဲ့၊ ခရိုင်၊ မြို့နယ် စစ်ဆေးရေးအဖွဲ့၊ Third Party စစ်ဆေးရေး အဖွဲ့၊ ဝန်ကြီးဌာန အင်ဂျင်နီယာ တွေက စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ ခွင့်ပြု ရန်ပုံငွေနှင့်အညီ လုပ်ငန်းတွေကို သတ်မှတ်စံချိန် စံညွှန်းအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ နယ်စပ်ရေးရာ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် ပေးနေတဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ဘိန်း အစားထိုးဖွံ့ ဖြိုးရေးစီမံကိန်းကိုလည်း သိပါရစေ။
ဖြေ။ ။ ဒီဘိန်းအစားထိုး ဖွံ့ဖြိုးမှုစီမံကိန်းနဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအ္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှာ ကျွန်တော်ကဒုတိယ ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ဘိန်းအစားထိုး ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့မှာဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌ ဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး သုံးနှစ် ရှေ့ပြေးစီမံကိန်းတစ်ခုကို ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ် စုလေးခုမှာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုပဲ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ် ခရိုင်အတွင်းမှာ မယ့်ဖားလုံဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီး ဘိန်းအစားထိုးစိုက်ပျိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
ဘိန်းစိုက်ဒေသများ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် မြေလမ်း ၂၉ မိုင်၊ ကတ္တရာလမ်း သုံးမိုင်၊ တံတားနှင့် Box Culvert ၈၇ စင်း၊ ရေသွယ် ယူခြင်း ၁၂ မိုင် ၄ ဖာလုံ၊ ရေလှောင်ကန် သုံးကန်၊ မီးသွယ်တန်းခြင်းသုံးမိုင်၊ ကော်ဖီပျိုးပင် ဖြန့်ဝေခြင်း နှစ်သိန်း တစ်သောင်းကျော်၊ လက်ဖက်ပျိုးပင် ငါးသိန်းနှစ်သောင်း ဖြန့်ဝေပေးနိုင်ခဲ့ပြီး အထူး အလေးထား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေနဲ့ နှစ်နှစ်တာအတွင်း ထူးထူးခြားခြား ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းများနဲ့ လှူစွမ်းအားအရင်း အမြစ်ဖွံ့ ဖြိုးရေး ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းများရှိရင်လည်း သိပါရစေ။
ဖြေ။ ထူးထူးခြားခြားဆောင်ရွက်ခဲ့တဲ့ ကိစ္စများ ဆိုရင်တော့ အရင်က ဒီဂရီကောလိပ်တွေမှာ နယ်စပ်ဒေသနေ ကျောင်းသားတွေကိုသာ လက်ခံသင်ကြားပေးရာက ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကစပြီးဒီဂရီကောလိပ် (စစ်ကိုင်း) မှာ ကျောင်းသူ ဦးရေ ၅၀၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီဂရီ ကောလိပ်(ရန်ကုန်)မှာ ကျောင်းသူ ဦးရေ ၅၀ စုစုပေါင်းကျောင်းသူဦးရေ ၁၀၀ ကို လက်ခံသင်ကြားပေးခဲ့ပါတယ်။ နောင်နှစ်တွေမှာလည်း ကျောင်းသူ တွေကို တိုးချဲ့လက်ခံသင်ကြားပေးဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။
တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်သဘောပေါက်ပြီး လေးစားချစ်ခင် စေရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု စိတ်ဓာတ်ရင့်သန်ခိုင်မာစေရေး၊ နိုင်ငံတော်၏ တိုးတက်ဖြစ်ထွန်းမှု လုပ်ငန်းစဉ်များကို နားလည် သဘောပေါက်စေရေးဆိုတဲ့ ရည်ရွယ်ချက်များနဲ့ နယ်စပ်ဒေသအသီးသီးက တိုင်းရင်းသား၊ တိုင်းရင်း သူ ၄၀၀ ဦးကို နေပြည်တော် လေ့လာရေးခရီးစဉ် လေးကြိမ်ကို စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်လူထု၏ တင်ပြ တောင်းဆိုချက်များအရ နိုင်ငံတော်ဘဏ္ဍာခွင့် ပြုငွေပေါ်မူတည်ပြီး လူငယ်သင်တန်းကျောင်းသစ် ခြောက်ကျောင်းကို ဟိုပင်၊ ကြာအင်းဆိပ်ကြီး၊ ရေး၊ မအူပင်၊ ပင်လည်ဘူးနဲ့ ဆီဆိုင် (ဆိုက်ခေါင်) တို့မှာ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။
ထို့အတူ အိမ်တွင်းမှုကျောင်းအသစ် လေး ကျောင်းကို ကွန်ဟိန်း၊ မင်းပြား၊ ပုသိမ်နဲ့ ဖြူးတို့မှာ တိုးချဲ့ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ ပခုက္ကူနှင့် ပုသိမ် အိမ်တွင်းမှု သင်တန်းကျောင်းများမှာ ဟိုတယ် ဝန်ဆောင်မှုသင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
National Standard Skill Authority (NSSA) လက်မှတ်ရသင် တန်းသူဦးရေ ၁၅၀ ကို လေ့ကျင့်မွေး ထုတ်ပေး ခဲ့ပါတယ်။ ၎င်းသင်တန်း ဆင်း၊ သင်တန်းသူများကို ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိ နှိုင်းပြီး အလုပ် ခန့်အပ်ပေးသွားမှာ ဖြစ်ပါတယ်။ နောင်နှစ်များမှာ သင်တန်းသားများကိုလည်း ထည့်သွင်း လေ့ကျင့် ပေးသွားမှာ ဖြစ်ပါတယ်။
ရေရှားပါးတဲ့ ကယားပြည်နယ်ကျေးရွာ ၁၇ ရွာ၊ ပအိုဝ်းဒေသအတွင်းမှာ ကျေးရွာခြောက်ရွာ၊ ချင်းပြည်နယ် အတွင်းမှာ ကျေးရွာ ၁၂ ရွာနဲ့ မြို့ပေါ် ရပ်ကွက်ရှစ်ခု ရေရရှိရေး လုပ်ငန်းများ၊ သထုံမြို့ ပေါ်ရပ်ကွက်ရေ ပေးဝေရေး၊ ကလေးမြို့ပေါ် ရပ်ကွက်ရေပေးဝေရေး၊ တမူးဒေသရေပေးဝေရေး၊ မြဝတီမြို့ပေါ်ရပ်ကွက် ရေပေး ဝေရေး၊ အင်းလေးဒေသ ရေပေးဝေရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ ဖြိုးတိုးတက်ရေး ပုံမှန်လုပ်ငန်းများအပြင် အထူးကိစ္စရပ်အနေနဲ့ တန်ဖိုးနည်းအိမ် အလုံး ၁၅၀၊ နယ်စပ်ခြံစည်း ရိုးချဉ်းကပ် ကွန်ကရစ်လမ်းလေးလမ်း ၁၄ မိုင် ၇ ဖာလုံ၊ တစ်ဖက်နိုင်ငံ ရောက်ရှိ သူများ ပြန်လည် စိစစ်လက်ခံရေးအတွက် အရေးပေါ် ကျောက်လမ်း ၁၁ မိုင် ၄ ဖာလုံ၊ ရခိုင်ပြည်နယ်၊ အစ္စလာမ်ဘာသာဝင် IDP စခန်းဖျက်သိမ်းရေး အတွက် မြေနေရာရရှိရေး၊ အိမ်ရာဆောက်လုပ်ရေး၊ လမ်းဖောက် လုပ်ရေး၊ ရေကန်များတူးဖော်ပေးရေး တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
မေး။ ။နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ တွေ့ ကြုံရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိမယ်ဆိုရင်လည်း သိပါရစေ။
ဖြေ။ ။ နှစ်နှစ်တာကာလအတွင်းမှာ တွေ့ ကြုံ ရတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေအနေနဲ ရာသီဥတုပြောင်းလဲ မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ ဘေးအ္တရာယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် နယ်မြေဒေသရဲ့ လုံခြုံရေးအခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့် ကြာမှုတွေအပြင် အချို့သော လုပ်ငန်းများ ကိုလည်း ပယ်ဖျက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
နယ်စပ်ဒေသများဆိုတဲ့အတိုင်း ဝေးလံ ခေါင်းပါး အစွန်အဖျားဖြစ်ခြင်း၊ လမ်းပန်းဆက် သွယ်ရေးအရ အတွင်း/ အနား/ အဝေးစည်း သုံးစည်းနဲ့ သတ်မှတ်ပြီးပြောရင် အတွင်း/ အနား တို့ရဲ့ လမ်းပန်းဆက်သွယ်ရေး အကြောင်း တစ်ခုခု ကြောင့် အားနည်းသွားမယ်ဆိုရင် အဝေးမှာရှိတဲ့ နယ်စပ်ဒေသတည်ဆောက်ရေးဆိုင်ရာ ကုန်ပစ္စည်း ဈေးနှုန်းတွေကြီးမြင့်ပြီး မထင်မှတ်ဘဲတည်ဆောက် ရေးလုပ်ငန်းတွေမှာ အခက်အခဲကြုံတွေ့ ရပါတယ်။
မေး။ ။နယ်စပ်ရေးရာဝန်ကြီးဌာနက ဝေးလံ ခေါင်ဖျားတဲ့ အစွန်အဖျားဒေသတွေမှာ ဒေသခံတိုင်းရင်း သားတွေ အတွက် ဖောက်လုပ်ပေး နေတဲ့လမ်း၊ တံတားတွေရဲ့ အမျိုးအစား၊ ဖောက် လုပ်ရတဲ့ ရည်ရွယ်ချက်၊ ခွင့်ပြု ဘဏ္ဍာငွေ၊ နောင် အနာဂတ်ဆောင်ရွက်မည့် သဘောထား၊ အရည် အသွေး၊ စံချိန်စံညွှန်းကောင်းမွန်ရေး ကြီးကြပ်မှု အခြေအနေများကိုလည်း သိပါရစေ။
ဖြေ။ ။ ကျွန်တော်တို့ ဝန်ကြီးဌာနဟာ နယ်မြေ ဒေသအခြေအနေအရ ဝေးလံခေါင်ဖျား ပြီး အင်မတန်မှ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ နယ်စပ်ဒေသများက ဒေသခံတိုင်းရင်းသားတွေ အတွက်တစ်ရွာနဲ့ တစ်ရွာ၊ ဒေသတစ် ခုနဲ့ တစ်ခုအဆက်အသွယ်ပြတ်ပြီး ကူးလူးဆက်ဆံမှု ပြတ်တောက်လုနီးပါး ဖြစ်နေတဲ့အနေအထားကို ကုစားပေးဖို့၊ ဖြည့်ဆည်းပေးဖို့၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုအထောက်အကူပြုနိုင်ဖို့၊ မိမိနိုင်ငံရဲ့ အစွန်အဖျား ဒေသများ မှာအချုပ်အခြာအာဏာ ပိုမိုလွှမ်းခြုံမှုကိုအထောက်အကူပြုစေဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားဖြည့် ပေးဖို့ဆိုတဲ့ ရည်ရွယ် ချက်နှင့်အညီလမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်း ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကို ရှေ့ပြေးသဘော ဆောင်ရွက်ပေးနေခြင်းပဲ ဖြစ်ပါ တယ်။
အထူးအားဖြင့် လမ်းတံတားပိုင်းမှာတော့ Commercial Road ၊ Commercial Bridge ဆိုတဲ့ အနေအထား ထက်ဝေးလံ ခေါင်းပါး ဒေသအတွင်း ကျေးရွာအချင်းချင်း ဆက်သွယ် ကူးလူးနိုင်ဖို့ ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နယ်မြေဒေသအလိုက် ကျေးရွာတွေမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းများစွာရှိတဲ့အတွက် နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေ ဝင်ဆံ့မှုအပေါ် မူတည်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။
ကျွန်တော်တို့ ဝန်ကြီးဌာနက ဖောက်လုပ်ပေး နေတဲ့လမ်း၊ တံတားတွေဟာ အခြားဝန်ကြီး ဌာနက ဖောက်လုပ် ပေးတဲ့ လမ်း၊ တံတားတွေနဲ့ အမျိုးအစားရော၊ အရည်အသွေးရော၊ ခံနိုင်ဝန် ရော၊ တန်ဖိုးငွေရော၊ ရည်ရွယ်ချက် ရော နည်းနည်း ကွာခြားမှုရှိပါတယ်။ ဒီအခြေအနေကို နားမလည်၊ သဘောမပေါက်ကြတဲ့ ဒေသခံပြည်သူအချို့ အနေ ဖြင့် အခြားသောဌာနများက ဆောင်ရွက်ပေး ထားတဲ့ Commercial Road ၊ Commercial Bridge တို့နဲ့ နှိုင်းယှဉ်ပြီး အားမရဖြစ်တာများ လည်း ရှိတတ်ကြပါတယ်။
ဥပမာ - ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဒေသအလိုက် ယေဘုယျအားဖြင့် မြေလမ်း (၁) မိုင်အတွက် ငွေကျပ်ကျပ်သန်း ၂၀ ခန့်၊ ကျောက်လမ်း (၁) မိုင်အတွက် ငွေကျပ်ကျပ်သန်း ၆၀ ခန့်၊ ကွန်ကရစ်။ ကတ္တရာ လမ်း (၁)မိုင်အတွက် ငွေကျပ်ကျပ်သန်း ၁၃၀ ခန့်ကိုသာ သုံးစွဲဆောင်ရွက်နေတာပါ။ ဒေသ အပေါ်မူတည်ပြီး နည်းနည်းတော့ကွာခြားမှု ရှိနိုင် ပါတယ်။
ကျွန်တော်တို့ ရှေ့ပြေးဆောင်ရွက်ခဲ့ပြီးနောက် ဒေသလူထုအတွက် ရေရှည်အကျိုးကျေးဇူး ရရှိနိုင် မှုအပေါ်မူ တည်ပြီး နိုင်ငံတော်ရဲ့ဘဏ္ဍာရေး အခြေအနေအရ နိုင်ငံတကာအဆင့်မီ၊ အရည် အသွေးမီ လမ်းကြီးတွေ၊ တံတားကြီး တွေကို ငွေကြေးပမာဏ ရန်ပုံငွေတိုးမြှင့်ပြီး ခွင့်ပြုပေးတဲ့ငွေနဲ့ အချိုးညီသုံးစွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက Commercial Road ၊ Commercial Bridge များကိုလိုအပ်လျှင် လိုအပ်သလို ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
မေး။ ။ပြည်သူလူထုကို သတင်းစကားပါးလိုတာ များရှိရင်ပြောပြပေးပါ။
ဖြေ။ ။အခုလို ကျွန်တော်တို့ဝန်ကြီးဌာနရဲ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ် နှစ်နှစ်တာကာလရဲ့ လုပ်ငန်း တိုးတက်ဆောင် ရွက်မှု၊ စိန်ခေါ်မှု၊ အခက်အခဲ၊ လုပ်ငန်းရဲ့သဘော သဘာဝထူးခြားဆောင်ရွက်ပေး မှုများကို မေးမြန်း ပြီး ဝန်ကြီးဌာနကိုယ်စား ပြည်သူလူထုသိရှိစေရန် ပြန်လည်ဝေငှပေးမှာဖြစ်လို့ အများကြီး ကျေးဇူး တင်ရှိပါတယ်။
ကျွန်တော်တို့ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေး နေတဲ့ နယ်စပ်ဒေသများ ဖွံ့ ဖြိုးတိုး တက်ရေးနှင့် တိုင်းရင်းသား လူငယ်လူရွယ်များရဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ ဖြိုးစေရေးဟာ ကျွန်တော်တို့ နိုင်ငံမှာ အလွန်ပဲအရေးကြီးတဲ့ နယ်စပ်ဒေသ တည်ငြိမ် ရေးနှင့် လုံခြုံရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွား ရေးအဓိကဖြစ်နေတဲ့အတွက် အစိုးရအဆက်ဆက် က ဒီတာဝန်များကို ဆောင်ရွက်ခဲ့ကြ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထင်သလောက် ခရီးမပေါက်သေး တဲ့အတွက် ကျွန်တော်တို့ ဆက်လက်ကြိုးစား ဆောင်ရွက်ပေးရဦးမှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက ရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ လူ့စွမ်းအား အရင်းအမြစ် မြင့်မား ရေးတို့ အတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြပါ စို့လို့ တိုက်တွန်းအပ်ပါတယ်။
ကျွန်တော်တို့ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေး နေတဲ့ နယ်စပ်ဒေသများ ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဒေသက တိုင်းရင်းသား လူငယ်လူရွယ်များရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေးဟာ ကျွန်တော်တို့ နိုင်ငံတော် ရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပြည်ထောင်စု စိတ်ဓာတ် ထွန်းကား ပြန့်ပွားရေးတို့အတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒါ့ကြောင့်နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် မြင့်မားရေးတို့အ တွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူ လူထုအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြပါ စို့လို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ အတွက် ကျေးဇူးတင်ပါတယ်။
ဦးရဲနိုင်
အမြဲတမ်းအတွင်းဝန်
နယ်စပ်ရေးရာဝန်ကြီးဌာန
မေး။ ။ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဆောင် ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်း ချက်တွေရှိရင်လည်း ပြောကြား ပေးပါဦး။
ဖြေ။ ။နယ်စပ်ဒေသတွေရဲ့ လူမှုစီးပွားအခြေခံ အဆောက်အအုံဖြစ်တဲ့ လမ်း၊ တံတား မရှိရင်ဒေသဖွံ့ ဖြိုးလာဖို့မ ရှိပါဘူး။ လမ်း၊ တံတား ဖွံ့ ဖြိုးဖို့လိုအပ်သလို ပညာရေး၊ ကျန်းမာရေးတွေ ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါ တယ်။ ဒါ့အပြင် တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ဒီအခြေခံအဆောက်အအုံတွေ ဘယ်လောက်ကောင်း ကောင်း အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေက ရေရှည်တည်တံ့ဖို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မပေးဘူးဆိုရင် ဒါဟာ ဒေသဖွံ့ ဖြိုးတိုးတက်ဖို့ ခက်ခဲပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်နှစ် ရပ်ဖြစ်တဲ့ ဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတာဝန် ယူပြီး ဆောင် ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန ဘာလို့ပေါ်ပေါက်လာရ သလဲဆိုရင် ၁၉၈၈ ခု နှစ်နောက်ပိုင်း မှာနိုင်ငံတော်တာဝန်ကို တပ်မတော်က တာဝန်ယူတဲ့အချိန် ဒေသအသီးသီး မှာ ရှိနေကြ တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတို့ရဲ့ဒေသတွေဖွံ့ ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အစိုးရနဲ့ပူးပေါင်း ဆောင်ရွက် မယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းလာကြ တဲ့အခါ နယ်စပ်ဒေသဖွံ့ ဖြိုးရေးကို ပြည်မနဲ့အတူ တန်းတူဖြစ်ဖို့ ဆိုရင်ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက် ဖို့လိုအပ်လာပါတယ်။ အခြေခံအဆောက်အအုံ လုပ်ငန်းတွေ ကို လုပ်ပေးမယ့် သက်ဆိုင်ရာဌာနတွေ ရှိသော်လည်း အဲဒီဌာနတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာရ လုပ်ငန်း ပမာဏများပြားတဲ့အတွက် သီးခြားဝန်ကြီးဌာနတစ်ခုကို ဖွဲ့စည်းပြီး အချိန်တိုအတွင်းမှာဖွံ့ ဖြိုးတိုးတက် အောင်ဆောင် ရွက်ပေးဖို့ဆိုပြီး နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပေး ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာန အနေနဲ့ ပြည်မနဲ့နယ်စပ်အကြားမှာ အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်မှုတန်းတူ ညီမျှအောင် ဦးစားပေး ဆောင်ရွက် ပေးဖို့ဆိုပြီး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တာပါ။
လက်ရှိလုပ်ငန်းတွေ လုပ်နေတဲ့အခါမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ နယ်စပ် ဒေသ တိုင်းရင်းသားလူမျိုးများ၏ဖွံ့ ဖြိုးတိုးတက်ရေး လူမှုဗဟိုကော်မတီကို ဖွဲ့စည်းပြီး နယ်စပ်ဒေသ လုပ်ငန်းများကို အကောင် အထည်ဖော်ခဲ့ပါတယ်။
အဲဒီကော်မတီအောက်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ လုပ်ငန်းကော်မတီဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလုပ်ငန်းကော်မတီ အောက်မှာ တော့ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေက ဦးဆောင် ပြီးတော့ နယ်စပ်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါမှာ နှစ်ပိုင်းရှိပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနက တိုက်ရိုက်တာဝန်ယူပြီး ပြည်ထောင်စုရန်ပုံငွေနဲ့ ဆောင်ရွက်ပေး နေတဲ့ နယ်စပ်ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတွေရှိသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက တာဝန်ခံပြီး တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆိုတာရှိပါတယ်။
အဓိကကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအပိုင်းကတော့ ခေတ်အဆက်ဆက်မှာတာဝန်ယူခဲ့ကြတဲ့ အစိုးရအဖွဲ့တွေက လည်းနယ်စပ်ဒေသဖွံ့ ဖြိုးရေး ကို စွမ်းအားရှိသလောက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် အခုချိန်မှာ နယ်စပ်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။ နိုင်ငံမှာတည်ငြိမ်အေး ချမ်းမှုမရှိရင်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလို့ မရပါဘူး။ လတ်တလောမှာပင် အချို့ဒေသ တွေမှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းတွေရပ်ဆိုင်း ခဲ့ရတဲ့သာဓက တွေရှိပါတယ်။ ဒါကြောင့်နိုင်ငံ ငြိမ်းချမ်းမှ နိုင်ငံဖွံ့ ဖြိုးရေးကိုလုပ်ပေးနိုင်မှာ ဖြစ်ပါ တယ်။ ဖွံ့ ဖြိုးရေးလုပ်ပေးနိုင်မှသာ နိုင်ငံရဲ့ ငြိမ်းချမ်း ရေး တည်တံ့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက စိန်ခေါ်မှုကတော့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဖို့ပဲ ဖြစ်ပါတယ်။
နယ်စပ်ဒေသဆိုတာ ဝေလံခေါင်းပါးမယ်၊ ရာသီဥတုဆိုးရွားမယ်၊ သွားရေးလာရေးခက်ခဲမယ်။ အဲဒီလိုနေရာ တွေမှာ လူမှုစီးပွားအခြေခံ အဆောက်အအုံတွေ ဆောက်ပေးဖို့လုပ်တဲ့ အခါမှာအဓိကအားနည်းချက် ကဆာဗေးကို စနစ်တကျ မြေပြင်ကွင်းဆင်းစစ်ဆေးနိုင်တဲ့ အနေအထား မရှိပါဘူး။ ဒေသခံတွေနဲ့ ထိတွေ့မှုမရှိ ဘဲ လမ်း ဖောက်ဖို့ကိုသာ အဓိကထားပြီး ဆောင်ရွက်ပေး ရပါတယ်။ အားနည်းချက်ကတော့ ကျွန်တော်တို့ လုပ်ငန်းမှာစနစ်တကျ ဆာဗေးမလုပ်ဘဲလုပ်နေ ရတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီအားနည်း ချက်အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ လုပ်ငန်းတွေကနေ အဖြေထုတ်ပြီးတော့မှ ကျွန်တော်တို့ ဖောက်ခဲ့တဲ့လမ်းတွေက ၁၀ ဘီးကား၊ ဘီး၂၀ ကားတွေသွားဖို့ မဟုတ်ဘဲနဲ့ ကားအသေးလေးတွေနဲ့ ဒေသထွက်ကုန်တွေကို ပြည်မနဲ့ ဆက်စပ် ပြီးဆောင်ရွက်ပေးနိုင်တဲ့အတွက်ကြောင့် တစ် ယောက်နဲ့ တစ်ယောက် ထိတွေ့ပါများပြီး တိုးတက် မှုတွေရပါတယ်။ အလားတူပဲ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့လမ်းတွေကို အဆင့်မြှင့်တင်ပေး မယ့်ဌာနတွေ၊ အဖွဲ့ အစည်းတွေက ကွင်းဆင်းပြီး စီးပွားရေးလမ်းတွေဖောက်ပေးဖို့၊ ပညာရေးမှာဆိုရင်လည်း မူလတန်း ကျောင်း တွေဆောင်ရွက်ပြီးမှ ပညာရေးဝန်ကြီးဌာနကနေ အလယ်တန်းကျောင်း၊ အထက် တန်းကျောင်းတွေ အဖြစ်ဆောင်ရွက်ပေးတာ၊ ကျန်းမာရေးမှာလည်း ကျန်းမာရေး ဆေးပေးခန်းအဆင့်အထိ ဆောင်ရွက်ပေးပြီး နောက် ဆေးရုံအဆင့် တိုးမြှင့်ဆောင်ရွက် ပေးတာတွေဟာ အားသာချက်တွေဖြစ် ပါတယ်။ ထပ်ပြီး လုပ်သင့်တဲ့ လုပ်ငန်းကတော့ နိုင်ငံတော်ဖွံ့ ဖြိုးရေး မဟာဗျူဟာနဲ့ ကြည့်ကြည့်၊ ကာကွယ်ရေးမဟာ ဗျူဟာနဲ့ကြည့်ကြည့် နယ်စပ်ပတ်လမ်းတွေကို ဆောင်ရွက်သင့်ပါတယ်။ နယ်စပ်ပတ်လမ်းတွေကို အပိုင်းလိုက်တော့ အကောင် အထည်ဖော်ဆောင် ရွက်ထားတာ ရှိပါတယ်။ ဒါတွေကို ကွန်ရက်သဖွယ် ဆက်သွယ်ဆောင်ရွက်သွားနိုင်ဖို့ ကျွန်တော်တို့ အနေနဲ့ ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ။

Post Paragraph