
ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သိန္နီမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စု စယ်အူ-နမ့်ခိုက် လမ်းတွင် ကတ္တရာလမ်းခင်းခြင်း အရှည်တစ်မိုင် ဆောင်ရွက်မည့် လမ်းပိုင်းနေရာ၊ ဟိုနား-မန်ဆာ လမ်းပေါ်ရှိ အလျားပေ ၈၀၊ အနံ ၃၆ ပေ ရေကျော်တံတားတစ်စင်း တည်ဆောက်မည့်နေရာ၊ တောင်ပေါ်ဒေသလမ်းပိုင်းများတွင် လိုအပ်သောနေရာများ၌ Box Culvert အစင်း ၂၀ တည်ဆောက်မည့်နေရာများကို စစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အဆိုပါ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၇ ဒသမ၂၄၇ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

