နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မအူပင်တွင် သတင်းအမှားအမှန်ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော် မတ် ၂၃ 
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်)၌ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယ‌နေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
   ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့်  Social Network အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး‌ဟောပြောသည်။
   ထို့နောက် မအူပင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့်က လူငယ်နှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးသည်။
   အခမ်းအနားသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်) မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြောင်း သတင်းရရှိပါသည်။