နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ

သထုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ် သထုံမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး နှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းကို အောက်တိုဘာလ ၂၁ ရက်က လိပ်အင်းရပ်ကွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး  နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ Grade-11 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ ကျောင်းသားလူငယ်များနှင့် ကျန်းမာရေး၊ ဝီရိယရှိသော လူငယ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။ 
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စကားဝိုင်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph