နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်း သားလူငယ်များ အခမဲ့ပညာသင် ကြားနိုင်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း) လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ် စဉ်(၁) သင်တန်းဆင်းပွဲကို ဧပြီလ ၂၂ ရက် နံနက် ၉ နာရီက အောင်ပန်းမြို့ စက်မှုလက်မှုသင်တန်း ကျောင်း ခန်းမ၌ ကျင်းပသည်။
    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားလူငယ်များအတွက် အခမဲ့ပညာ သင်ကြားနိုင်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်း ဖွင့်လှစ်သင်ကြား ပေးခြင်း၊ ပုံမှန်ပညာရေးကို ပြီးဆုံးသည်အထိ သင်ယူမှုမရှိသည့် တိုင်းရင်းသားလူငယ်များအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း ၁၀ ကျောင်းနှင့် တိုင်းရင်းသူအမျိုးသမီးငယ်လေးများ အတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၄၆ ကျောင်း ဖွင့်လှစ် သင်ကြားပေးခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲတွင်  အောင်လက်မှတ် ချီးမြှင့်ခံရသည် တိုင်းရင်းသား လူငယ်များအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ် အလိုက်ပညာရပ်များကို လက်တွေ့အသုံးချကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည် အထိ ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် မိမိတတ်မြောက်ထားသည့် ပညာရပ်များကို အသုံးချပြီး ကိုယ့်ရပ်ရွာ ကိုယ့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံသားကောင်း၊ အမျိုးကောင်းသားများ ဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
    ဆက်လက်၍ ထူးချွန်သင်တန်းသားများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ လျှပ်စစ် သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့တွင် ထူးချွန်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက ပေးအပ်ကြပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူ၍ သင်တန်းသား များကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။

 

Post Paragraph