နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား WFP မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Naoe Yakiya နှင့် TPAမှ Project Manager ဖြစ်သူ Ms. SHIBATA KYOKO တို့မှ သီးခြားစီ လာရောက်တွေ့ဆု

နေပြည်တော်၂၀၁၆ သြဂုတ် ၁၁
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်အား WFPမှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Naoe Yakiya နှင့် TPAမှ Project Manager ဖြစ်သူ Ms. SHIBATA KYOKO တို့မှ ယနေ့နံနက် (၁၀) နာရီအချိန်နှင့် (၁) နာရီအချိန်တို့တွင် သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် WFP ဒုတိယဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် လတ်တလောဖြစ်ပေါ်နေသည့် ရေဘေးသင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် ရခိုင်ပြည်နယ်တို့၌ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့မှု အခြေအနေ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်ရှိသည့် IDPများ အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှု အခြေအနေ၊ WFP မှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးအစီအစဉ်အတွက် ဆန်းစစ်အကဲဖြတ်မစ်ရှင် လာရောက် ဆောင်ရွက်မည့် အခြေအနေ နှင့်ကွင်းဆင်းလေ့လာမှု ဆောင်ရွက်မည့်အစီအစဉ်၊ ၂၀၁၇ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့အကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သင်တန်းများဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြပါသည်။
    ဆက်လက်၍  TPA မှ Project Manager ဖြစ်သူ Ms. SHIBATA KYOKO နှင့် တွေ့ဆုံဆွေးနွေးရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့လူသားအဖွဲ့အစည်း (TPA) တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ လက်ရှိစီမံကိန်း အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆီဆိုင်မြို့ သောက်သုံးရေရရှိရေး စီမံကိန်း၏ အကျိုးပြုမှုအခြေအနေ၊ ယခင်စီမံကိန်းကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ သည့် အင်းလေးဒေသ သောက်သုံးရေစီမံကိန်းအား ရေရှည်တည်တံ့စေရေးအတွက် စီမံဆောင်ရွက် ထားရှိမှု အခြေအနေ၊ စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ၏ သင်တန်းများ ဖွင့်လှစ်သင်ကြားမှု အခြေအနေနှင့် နည်းပညာပြန့်ပွားရေး ဆောင်ရွက်မှုအခြေအနေနှင့် စီမံကိန်းမှ စိုက်ပျိုးထွက်ရှိသည့် သြဂဲနစ်သီးနှံများအား ဒေသရှိ ပြည်သူလူထုဝင်ငွေ တိုးပွားရရှိစေရေးအတွက် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှု အခြေအနေ များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

 

Post Paragraph