နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် လုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ မေ လ ၂၅  ရက်
 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့မှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ များအနက် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူများကို  လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားဖြင့် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထိန်လင်း တက်ရောက် ၍ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ အင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။  
  အဆိုပါ သင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အမှုထမ်းဝန်ထမ်းများအား အရည်အသွေးထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူး အဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှအားကိုးရသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မေလ ၂၅ ရက်မှ ဇွန်လ ၁၉ ရက်အထိ ရက်သတ္တလေးပတ်ကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph