နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီးများအိမ်တွင်းမှုအသက်မွေး လုပ်ငန်းပညာများကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည် အထိလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီဌာနမှ ဖွင့်လှစ်သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးအိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ သင်တန်းကျောင်း(လားရှိုး)၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အဆိုပါသင်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းကာလတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးက သင်တန်းသူများအတွက် ထောက်ပံ့ ငွေများပေးအပ်ရာ သင်တန်းသူများကိုယ်စား ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် အဆင့်မြင့်အိမ်တွင်းမှု အသက် မွေးဝမ်းကျောင်း ထုတ်ကုန်ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၄ ရက်နေ့ထိ သင်တန်းသူ ၃၀ ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကျင်းပ
Post Paragraph
Paragraph Images