
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများတွင် ဆန်၊ ဆီ၊ ကုလားပဲတို့ကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ(ခရိုင်မှူး) ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူပြာခ၊ သာသနာရေးဦးစီးဌာနမှ ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်နှင့် တာဝန်ရှိသူများက ယမန်နေ့က တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ဝမ်မိုင်ဘုန်းကြီးကျောင်းသို့ ဆန်၊ ဆီ၊ ကုလားပဲများနှင့် အခြားလိုအပ်နေသော လှူဖွယ်ပစ္စည်းများကို သွားရောက်ထောက်ပံ့ လှူဒါန်းကြကြောင်း သိရသည်။
Post Paragraph
Paragraph Images

