နယ်စပ်ရေးရာဝန်ကြီးဌာနက ဆန်၊ ဆီ၊ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

ပင်းတယ၊ စက်တင်ဘာလ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးနှင့် အခြားဘာသာရေးကျောင်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်စဉ် စားသောက်ရေးကိစ္စများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ပင်းတယမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဌေးအောင် ဦးစီး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ အောင်ခြင်းဘုန်းတော်ကြီးကျောင်းတိုက်၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ပြီး အခြားဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph