နေပြည်တော်၊ သြဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာနက ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် ရေဘေးသင့် ပညာရေးကျောင်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းမှ ထောက်ပံ့ငွေများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၃၀,၀၀၀,၀၀ဝိ/-)နှင့် ရေဘေးသင့် ပညာရေးကျောင်းများအတွက် ငွေကျပ် (၂၉,၆၂၂,၀၀ဝိ/-) စုစုပေါင်းငွေကျပ် (၅၉,၆၂၂,၀၀ဝိ/-)ကို ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.