နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် ရွှေပြည်တော်ဝင်သာမဏေကျော် ကျောင်းတိုက်ရှိ သံဃာ တော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် ကြက်ဥများ လှူဒါန်းသည်။

       နယ်စပ်‌ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရေး စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတ ကျောင်းများသို့လည်း ကောင်း စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ဒေသ အသီးသီးရှိ ကိုဗစ်-၁၉ စင်တာများ သို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။