နယ်စပ်ရေးရာဝန်ကြီးဌာနက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
    ထိုသို့လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပအိုဝ်းဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့်ဝန်ထမ်းများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၊ သုဝဏ္ဏသာမဏေကျော် ကျောင်းတိုက်သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု လိုက်ပေးကျေးရွာ ဘုန်း‌တော်ကြီးကျောင်းသို့ လည်းကောင်း ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
 

Post Paragraph