နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်နှင့် တာဝန်ရှိသူများသည် ယ‌နေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် လမ်းသပြေကုန်း ရွာဦး ကျောင်းတိုက်ဆရာတော်၊ သံဃာတော်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်းစီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုန်းတော်ကြီး‌ကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Post Paragraph