ပခုက္ကူ မတ် ၂၇
ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကျင်းပသည်။
ဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းဆိုင်ရာ သမိုင်းကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်း အမျိုးအစား၊ အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်းကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁) သင်တန်းထူးချွန်ဆုကိုလည်းကောင်း၊ ခရိုင်စီမံခန့် ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းဝင်းက သင်တန်းဆင်းအောင် လက်မှတ် များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထား သည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို လိုက်လံကြည့် ရှုအားပေးကြသည်။
အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက် အထိ သင်တန်းကာလ ၆ လ ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးရာ သင်တန်းသူ ၃၀ တက် ရောက်ခဲ့ကြောင်း သိရသည်။