ပင်လောင်း ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ် စကားဝိုင်းကို ဩဂုတ်လ ၉ ရက်က ကျင်းပသည်။
ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးဆလိုင်းမြင့်နိုင် က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစော က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက် များကိုပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ Grade-8 မှ မထက်ထက်အောင် က လူငယ်နှင့်စည်းကမ်း၊ Grade-10 မှ မူကေသရီစိုး က လူငယ်နှင့်တာဝန်၊ Grade-11 မှ မဟန်နီငြိမ်း က လူငယ်နှင့်စာအုပ်စာပေ၊ Grade-11 မှ ခွန်မိုးကောင်းကင် က လူငယ်နှင့်အားကစား၊ Grade-12 မှ စိုင်းအောင်မျိုးချစ် က လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။
ယင်းနောက် ခေါင်းစဉ်အသီးသီးမှဆွေးနွေးချက်များအပေါ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်မူမြစော နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မူစန်းစန်းအေး တို့က ပါဝင်ဖြည့်စွက်ဆွေးနွေးကြကြောင်းသိရသည်။