ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့သို့ တက်ရောက်မည့် ပထမနှစ် ကျောင်းသား ကျောင်းသူများဩဝါဒခံယူ

ပုသိမ် အောက်တိုဘာ ၃၁
    ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။ 
    ဦးစွာ သင်တန်းသား ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားရွေးချယ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့သည်။ 
    အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေး ဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ် (၁၂) တက်ရောက်မည့်သူ ၁၉ ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့တက်ရောက်မည့်သူ ၂၃ ဦး စုစုပေါင်း ၄၂ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
 

Post Paragraph