ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံနှင့် အေဂျီတီအိုင် သင်တန်းများအတွက် သင်တန်းသားများရွေးချယ်

နေပြည်တော်၊ နိုဝင်ဘာလ ၂၅ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗဟိုသင်တန်းသား ရွေးချယ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဦးဆောင်သည့် ဗဟိုသင်တန်းသား ရွေးချယ်ရေးကော်မတီ သည် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံနှင့် အေဂျီတီအိုင် သင်တန်းများအတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ အထောက်အပံ့ခံ ကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်သင်တန်းသားရွေးချယ်ရေး ကော်မတီများမှ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် စိစစ်ရွေးချယ်စေလွှတ်ခဲ့သည့်  စုစုပေါင်း အင်အား (၅၅၀) ဦးအနက် ကျောင်းသား (၂၂၆) ဦးအား ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်တွင် လူတွေ့စစ်ဆေးခြင်းကို (၂၂-၁၁-၂၀၁၆) ရက်နေ့နှင့် (၂၃-၁၁-၂၀၁၆) ရက်နေ့တို့တွင် လည်းကောင်း၊ ကျောင်းသား (၂၆၉) ဦးနှင့် ကျောင်းသူ (၅၅) ဦးတို့အား ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းတွင် လူတွေ့စစ်ဆေးခြင်း ကို (၂၄-၁၁-၂၀၁၆) ရက်နေ့နှင့် (၂၅-၁၁-၂၀၁၆) ရက်နေ့တို့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ ပါသည်။

Post Paragraph